Print

သင့်ကျန်းမာရေးအတွက် အစားအစာ

  13-Sep-2020
Preview Image

အရိုးကျန်းမာဖို့ မုန်လာဥနီဖျော်ရည်သောက်ပါ

          သင့်အနေနဲ့ ကိုယ်အလေးချိန်မမြင့်တက်ဘဲ အရိုးကျန်းမာစေချင်တယ်ဆိုရင် နေ့စဉ် မုန်လာဥနီဖျော်ရည် (Carrot Juice) တစ်ခွက်သောက်သင့်ပါတယ်။ ဒီဖျော်ရည်ဟာ နွားနို့ထက် ကယ်လ်စီယမ်ပါဝင်မှုရှစ်ဆပိုများပြီး တခြားဗီတာမင်တွေလည်း များစွာပါဝင်ပါတယ်။ အူကျန်းမာရေးအတွက် ကောင်းမွန်တဲ့အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။


အဆီမပါတဲ့ နွားနို့ကို ရွေးချယ်ပါ

          မလိုင်အပြည့်ပါဝင်တဲ့ ကော်ဖီထက် အဆီမပါတဲ့နွားနို့နဲ့ဖျော်ထားတဲ့ ကော်ဖီကို သောက်သုံးတာက  မိနစ် ၂၀ စာ စက်ဘီးစီးတာကြောင့် ကုန်ဆုံးသွားတဲ့ ကယ်လ်လိုရီပမာဏအတိုင်း လျော့နည်းပြီး ရရှိနိုင်ပါတယ်။


ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် ဂရိတ်ဖရုစားပါ

          ဂရိတ်ဖရုစားတာက ခန္ဓာကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ဂရိတ်ဖရုကို အစားအစာထဲ ထည့်သွင်းစားသောက်သူတွေက ကိုယ်အလေးချိန်ကျဆင်းမှုမြန်ဆန်တယ်လို့ သုတေသီတွေက တွေ့ရှိကြပြီး ဒီအကျိုးသက်ရောက်မှုဟာ ဂရိတ်ဖရုမှာ မြင့်မားစွာပါဝင်တဲ့ အစာခြေအင်ဇိုင်းကြောင့်လို့ ထင်မှတ်ကြပါတယ်။


စိတ်ခံစားမှုကောင်းအောင်

          ငှက်ပျောသီး၊ ကြက်ဆင်သား၊ နွားနို့၊ ဒိန်ချဉ်၊ တူနာနဲ့ ကြက်သားမှာ စိတ်ခံစားမှုကောင်းမွန်စေတဲ့ ထရစ်ပ်တိုစင်တွေ များစွာပါဝင်တာကြောင့် mood မကောင်းသူတွေစားသုံးသင့်ပါတယ်။

Credit : ဒေါက်တာခင်မိုးမိုး

          



Related Articles


Advertisment 18